TNLA လားပြောင်းစီး

(ပြည်တွင်း) စက်တင်ဘာ ၅

တရုတ် – မြန်မာနယ်စပ်တွင်ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏စစ်ရေးပြုလုပ်မှုအပြီးတွင် သောင်းကျန်းသူများအခြေပြုနေထိုင်ရာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကိုတရုတ်နိုင်ငံဘက်က ပိတ်ထားလိုက်ခြင်းကြောင့် သောင်းကျန်းသူထိန်းချုပ်ဒေသများတွင် စက်သုံးဆီအပါအဝင် စာသောက်ကုန်များပြတ်လတ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံမှ နယ်စပ်ဂိတ်များအား ပိတ်ထားပြီး တိုက်ပွဲမဖော်ဆောင်ရန်နှင့် သတိပေးခံရပြီးနောက် စက်သုံးဆီ ပြတ်လပ်လာသည့် TNLA နယ်မြေအတွင်းက TNLA ခေါင်းဆောင်အချိုမှာ ကားအစား လားစီးကာ ခရီးသွားလာနေကြသည်ဟု ဒေသတွင်း သတင်းများအရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ မရပ်တန့်ပါက ကြောက်ရွံ့ကျိုးနွံဆုံးမသွန်သင်သည့်နည်းလမ်းများကိုပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်လာသည့်အကျိုးဆက်များအားလုံးကို သင်တို့ကိုယ်တိုင်တာဝန်ယူရမည်ဟု ရွှေလီမြို့လုံခြုံရေးကော်မတီက TNLA ကို ရာဇသံပေးပြောဆိုထားသည်။

အောင်မောင်း(ရာမညမြေ)

#PAN