OPEC+ က ရေနံတိုးမြှင့် ထုတ်လုပ်မည့်အစီအစဉ်ကို ဆိုင်းငံ့ရန် ဆွေးနွေး

(နိုင်ငံတကာ) စက်တင်ဘာ ၅

     ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ OPEC+ က မူလစီစဉ်ထားသည့် အောက်တိုဘာလတွင် ရေနံတိုးမြှင့် ထုတ်လုပ်သွားမည့်အစီအစဉ်ကို ဆိုင်းငံ့ရန် ဆွေးနွေးနေသည်ဟု သိရသည်။ ထိုအစီအစဉ်တွင် တစ်ရက်လျှင် ရေနံ စည်ပေါင်း ၁၈၀,၀၀၀ ကို တိုးမြှင့်ထုတ်လုပ်ရန်လျာထားခြင်း ဖြစ်သည်။သို့သော် ဈေးကွက်မငြိမ်သက်မှု၊ ဝယ်လို အား နည်းပါးမှုတို့ကြောင့် ယင်းအစီ အစဉ်ကို ဆိုင်းငံ့ရန် ဆွေးနွေးနေရခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များက စက်တင်ဘာလ ၄ ရက်တွင် ပြောသည်။

       အဖွဲ့ဝင်ရှစ်နိုင်ငံပါဝင်သည့် OPEC+ အဖွဲ့သည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၂ ဒသမ ၂ သန်းလျှော့ချ ထုတ်လုပ်နေမှုကို ပြန်လည်ဖြေလျှော့ရေးလုပ်သည့်အနေဖြင့် တစ်ရက်လျှင်ရေနံစည် ၁၈၀,၀၀၀ တိုးမြှင့်ထုတ်လုပ် ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုအဖွဲ့အနေဖြင့် ယခုကဲ့သို့ ရေနံလျှော့ချ ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း RTA သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN