၂၀၂၄ အာဆီယံရုပ်ရှင်ပွဲတော်မှာ မြန်မာရုပ်ရှင်ဇာတ်ကား ပါဝင်ပြသမည်

စက်တင်ဘာ ၅

     အာဆီယံ-ပရာ့ဂ်ကော်မတီမှ ကြီးမှူးကျင်းပတဲ့ အာဆီယံအပေါင်းရုပ်ရှင်ပွဲတော် ၂၀၂၄ မှာ မြန်မာရုပ်ရှင် ဇာတ်ကားဖြစ်တဲ့ ” ၃(က) ” ကို ပါဝင်ပြသသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာလ ၂ ရက်၊ ညနေ ၆ နာရီခွဲမှာ ပရာ့ဂ်မြို့ရှိ မြူနီစပယ် စာကြည့်တိုက်မှာ ကျင်းပပြု လုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ပွဲတော်အတွင်း ASIAN+ နိုင်ငံများမှ ရုပ်ရှင်ကားများကို စာကြည့်တိုက်ရှိ ရုပ်ရှင်ရုံများမှာ စက်တင်ဘာလ ၂  ရက်မှ ၉ ရက်အထိ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

      အခမ်းအနားကို အထူးဧည့်သည်တော် ချက်သမ္မတ နိုင်ငံ၊ ပညာရေး၊လူငယ်နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Prof. Jaroslav Miller က အဖွင့်အမှာစကား ပြောကြားခဲ့ကာ ပရာ့ဂ်မြို့ရှိ အာဆီယံနိုင်ငံများ၏ သံအမတ်ကြီးများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့မှ သံအမတ်ကြီးများနှင့်အတူ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ထွန်းနောင်တို့ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

#PAN