အိန္ဒိယ က ဒေါ်လာ ၁၇ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ဝယ်ယူမည်

(နိုင်ငံတကာ) စက်တင်ဘာ ၅

     အိန္ဒိယအစိုးရ က အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ဝယ်ယူသွား မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုစစ်လက် နက်ပစ္စည်းများအနက် ၉၉ ရာခိုင်နှုန်းကို ပြည် တွင်းကုမ္ပဏီများထံမှ ဝယ်ယူမည်ဖြစ်သည်။ထိုသို့ဝယ်ယူခြင်းက ပြည်တွင်းကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှုဈေးကွက်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဝန်ကြီး ဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

     ယခုဝယ်ယူရေးတွင် အဓိကထားဝယ်ယူသွားမည့် စစ်လက်နက်မှာ ကြည်းတပ်အတွက် ခေတ် ရှေ့ပြေး တိုက်ယာဉ်များဖြစ်ပြီး အစီးရေ ၁,၇၀၀ ခန့်ဝယ်ယူကာ လက်ရှိအသုံးပြုနေသည့် T-22 တင့်များနေရာတွင် အစားထိုးသွားမည်ဖြစ်သည်။

       အဆိုပါ တိုက်ယာဉ်များသည် သာလွန်သောရွေ့လျားမှု၊ မြေမရွေးသွားလာနိုင်မှု၊ အလွှာပေါင်းစုံကာကွယ်မှု၊ တိကျစွာ ပစ်ခတ်နိုင်မှု၊ အချိန်နှင့်တစ်ပြေးညီ ပတ်ဝန်းကျင်ကို ထောက်လှမ်းနိုင်မှုများ ပါဝင်သော ပင်မတိုက်ပွဲဝင် တင့်များဖြစ်သည်ဟု ကာကွယ် ရေးဝန်ကြီးက ပြောသည်။

      အလားတူ ဝယ်ယူရေးအစီအစဉ်တွင် လေကြောင်းရန် ကာကွယ်ရေးရေဒါများ၊ကမ်းခြေစောင့်တပ်ဖွဲ့အတွက် Domier-228 လေယာဉ်၊ အမြန်သွားကင်းလှည့်ရေယာဉ် များနှင့်ကမ်းဝေးကင်းလှည့်ရေယာဉ်များလည်း ပါဝင်သည်။ ထိုရေယာဉ်များသည် အဆင့်မြင့်နည်းပညာများ တပ်ဆင်ထားသည့်အတွက် ခရီးဝေးချီတက်ကင်းလှည့်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်စေမည် ဖြစ်သည်။ ထိုကဲ့သို့သော အဆင့်မြင့် စစ်လက်နက်ပစ္စည်းများကို ဝယ်ယူခြင်းသည် အိန္ဒိယနိုင်ငံ၏ရေပြင်ပိုင်နက်အတွင်း ကင်းလှည့်ထောက် လှမ်းမှုအပြင် ရှာ‌ဖွေကယ်ဆယ်ရေးကိုပါ ကောင်းစွာလုပ်ဆောင်နိုင်စေမည် ဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN