အဆောင်ရာချီရှိနေသည့် လှိုင်သာယာတွင် ဧည့် စာရင်းတိုင်ခ တစ်လ သိန်းဆယ်ချီရနေ


( ပြည်တွင်း) စက်တင်ဘာ ၅

လှိုင်သာယာမြို့နယ်တွင်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၏ ဧည့်စာရင်းတိုင်ကြားမှုမှရရှိသောဝင်ငွေသည် တစ်လကို သိန်းဆယ်ချီပြီးရရှိနေသည်ဟု အမည်မဖော်လိုသည့် ရပ်ကွက်နေပြည်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

ဧည့်စာရင်းတိုင်ကြားပါက ငွေကြေးရယူခြင်းမပြုရန် နစကအစိုးရမှလမ်းညွှန်ထားသော်လည်း စာရွက်စာတမ်းဖို့ဆိုသည့်အသုံးအနှုန်းဖြင့် နိုင်ငံတစ်ဝှမ်း၌ ငွေကြေးတောင်းခံမှုများရှိနေသည်ကိုတွေ့မြင်နေရသည်။

“လှိုင်သာယာမှာ ဧည့်စာရင်းတိုင်ရင်စာအုပ်ဖိုးဆိုပြီး ၂၀၀၀ ကျပ်ပေးရတယ်။ တစ်ပတ်တစ်ခါ ဧည့်စာရင်းသက်တန်းတိုးရင် အဆောင်ကအခန်းတစ်ခုကို ၂၀၀ ကျပ်ပေးရတယ်။ စာအုပ်တစ်အုပ်လေးလပြည့်ရင် စာအုပ်အသစ်ပြန်လုပ်ရပါတယ်။ ညအိပ်ဧည့်သည်လာလို့ ဧည့်စာရင်းသွားတိုင်ရင် ၁၅၀၀ ကျပ်ပေးရတယ်။ ဧည့်စာရင်းက ရာအိမ်မှူးအိမ်သွားတိုင်ရတာပါ။ အဆောင်တစ်ဆောင်ရဲ့ဧည့်စာရင်းတိုင်ခက တစ်လပေးရတဲ့ငွေနှစ်သောင်းကျပ် အထက်ပဲရှိတာ ၆ ရပ်ကွက်တစ်ခုထဲအဆောင်ရာချီရှိပါတယ်။ ရပ်ကွက်ရုံးရဲ့တစ်လ ဧည့်စာရင်းတိုင်ခ ဝင်ငွေသိန်းဆယ်ချီရှိတယ်” လို့ အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးမှ ပြောဆိုထားသည်။

၂၀၂၀ အာဏာထိန်းပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးအပြောင်းအလဲမှုများမပြုလုပ်ခဲ့ပဲ မဲမသမာမှုပြုလုပ်ခဲ့သည့် NLD အစိုးရမှခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများဖြင့်သာ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးယန္တရားကိုလည်ပတ်နေပြီး အုပ်ကျေးအုပ်ချုပ်ရေးမှူးများအား ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးဿပဒေအရ ထောက်ပံ့ကြေးအပြင် စာရွက်စာတမ်းကြေးများကို အစိုးရမှခံစားခွင့်ပြုထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN