အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ဖိုဒန်၊ ပါးလ်မာနှင့် ဝက်စ်ကင်

(အားကစား) စက်တင်ဘာ ၅

      နေးရှင်းလိဂ်ဖလားပြိုင်ပွဲကစားမယ့် အင်္ဂလန်အသင်းရဲ့လူစာရင်းကနေ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဖိုဒန် ၊ ပါးလ်မာနှင့် ဝက်စ်ကင် တို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စက်တင်ဘာ လ ၃ ရက်မှာ နုတ်ထွက်ခဲ့ကြပါတယ်။

     အင်္ဂလန်တောင်ပံကစားသမား ဖိုဒန် က အဖျားရောဂါကြောင့် မန်စီးတီးအသင်းရဲ့ရာသီအစပွဲစဉ်တွေကို လွဲချော်ထားသလို အခုအချိန်မှာလည်း အင်္ဂလန်အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ်ကစား သမားတွေဖြစ်ကြတဲ့ ပါးလ်မာနဲ့ ဝက်ကင်းစ်တို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလန် အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

      ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဒုတိယဆုရှင်လည်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် လာမယ့် စက်တင်ဘာလ ၆ ရက်မှာ အိုင်ယာလန်အသင်း၊ စက်တင် ဘာလ ၁၀ ရက်မှာ ဖင်လန်အသင်းတို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

#PAN