မြောင်းမြမြို့၊ အ-ထ-က(၁)ကျောင်းအား ကျောင်းပိတ်ရန် ခြိမ်းခြောက်စာရောက်ရှိ


(ပြည်တွင်း) စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၄)ရပ်ကွက်၊ သိပ္ပံလမ်း၊ အ-ထ-က(၁)ကျောင်းအား စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျောင်းပိတ်ရန် ခြိမ်းခြောက်စာရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အ-ထ-က(၁)ကျောင်း၊ အမှတ်(၂)ဂိတ်သို့ ကျောင်းတွင် အအေးရောင်းချရန် မမြင့်မြင့်ကြူ(ကိုယ်ရေးအချက်အလက် စိစစ်ဆဲ)မှ လာရောက်စဉ် ဂိတ်(၂)တံခါးအတွင်း၌ ကျောင်းသုံး ဗလာစာရွက် တစ်ပိုင်းပေါ်တွင် “(ဗိုလ်ဇော်မိုင်းရဲ) သတိပေးစာ၊ အမည်မသိ မြို့ကပို့သည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မအပေါင်းတို့ ဒီကျောင်းကို အမြန်ဆုံးပိတ်ပါ မဟုတ်ရင် ကျွန်တော်တို့ ဗုံးထောင်ရပါလိမ့်မယ် ကျွန်ုပ်တို့ အစိုး မစိုပါနှင့် ကျောင်းသား/ကျောင်းသူများ အသက်ဘေးက လွှတ်ချင်ရင် ကျောင်းအမြန်ပိတ် မနေ့အစမ်းဖောက်တော့မလို့ သတိပေးတာ မပိတ်ဘူး ဆိုရင်လာရောက်ဗုံးခွဲရပါလိမ့်မယ်။ ခဗျားတို့ ကျွန်ုပ်၊ ကျောင်းသိပါတယ် 2024 စက်တင် ဘာလ 4 ရက်ကနေ (6)ရက်ထိ အချိန်ပေးမယ် မဟုတ်ရင် သေကုန်မယ်” ဟု ရေးသားထားသော စာသားများအားတွေ့ရှိရ၍ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အ-ထ-က(၁)ကျောင်းအုပ် ဆရာမကြီး ဒေါ်ရွှေရီထံ ၎င်းစာရွက်ပိုင်းအား သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

၎င်းကျောင်းတွင် ဆရာ/ဆရာမ(၅၄)ဦး၊ မူကြိုမှ G-12 အထိ တက်ရောက်လျက်ရှိသည့် ကျောင်းသား/ကျောင်းသူ (၁၇၈၃)ဦးရှိပြီး ကျောင်းစောင့်၊ သန့်ရှင်းရေး၊ ရေစက်မောင်းလုပ်သား၊ ရုံးအကူ မရှိကြောင်းနှင့် ကျောင်းအား ဆက်လက်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ခြိမ်းခြောက်စာနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိပူးပေါင်းအဖွဲ့တို့မှ တရားခံအားဖမ်းဆီးရမိရေး မြို့ပေါ်ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN