မဲဆောက်ရှိ PDF များအား ထိုင်းရဲစတင်ဖမ်းဆီးနေ


(နိုင်ငံတကာ) စက်တင်ဘာ ၅

ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သော မြန်မာအကြမ်းဖက်အုပ်စုဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF များအား ထိုင်းရဲတပ်ဖွဲ့မှ စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် မဲဆောက်မြို့ရှိ မြန်မာနိုင်ငံသားများဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များတွင်ရောက်ရှိ ခိုလုံနေသော PDF များအား ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသည့်မဲဆောက်မြို့ကိုရောက်ရှိနေသော ရွှေ့ပြောင်းလုပ်သားတစ်ဦးမှ “မနေ့ကတစ်နေ့တည်းဖမ်းတာ တော်တော်များတယ်။ တော်လှန်ရေးအဖွဲ့တွေ ပါမိသွားတယ်။အခုရက်ပိုင်း မဲဆောက်မှာ အဖမ်းအဆီးကြမ်းနေတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ မဲဆောက်မြို့မှာ ခိုလှုံနေသည့် PDF အင်အားစုများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် သက်ဆိုင်ရာ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

အောင်မောင်း(ရာမညမြေ)

Telegram»…
https://t.me/positiveanglenews

PAN