မီးရှိခံရကာ ဆေးရုံတင်ထားရတဲ့ ယူဂန်ဒါအပြေးမယ် ချက်တီဂီ


(နိုင်ငံတကာ) စက်တင်ဘာ ၅

ပဲရစ်အိုလံပစ် မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ယူဂန်ဒါအပြေးမယ် ရေဘက်ကာ ချက်တီဂီ ဟာ ရည်းစားဖြစ်သူရဲ့ ဓာတ်ဆီလောင်းမီးရှိတာကို ခံခဲ့ရပြီးနောက် ခန္ဓာကိုယ်ရဲ့ ၇၅ ရာခိုင်နှုန်းလောက် မီးလောင်ခဲ့ပြီး ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတယ်လို ဒေသဆိုင်ရာ မီဒီယာတွေက စက်တင်ဘာလ ၃ ရက်မှာ ရေးသား ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ ချက်တီဂီ ဟာ ကင်ညာနိုင်ငံက ဆေးရုံတစ်ခုမှာ အရေးပေါ်အခြေအနေနဲ့ ကုသမှုခံယူနေရဆဲ ဖြစ်ပြီး ချက်တီဂီရဲ့ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ နေအိမ်မှာ ချက်တီဂီရှိနေစဉ်အချိန်အတွင်း ချက်တီဂီ ရဲ့ချစ်သူက အိမ်ကိုရောက်လာကာ ချက်တီဂီနဲ့ စကားအချေအတင် များခဲ့ကြပြီးနောက် အသင့်ဝယ်ယူလာခဲ့တဲ့ ဓာတ်ဆီနဲ့လောင်း ကာ မီးရှိလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ခရိုင်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ချက်တီဂီ ရဲ့ချစ်သူ မာရန်ဂတ် ကို အပြင်းအထန် ထိခိုက်နာကျင် စေမှုနဲ့ အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ချက်တီဂီ ဟာ ပဲရစ်အိုလံပစ်မာရသွန်ပြိုင်ပွဲမှာ အဆင့်(၄၄)ရခဲ့ပြီး ကင်ညာနိုင်ငံအတွင်း နေထိုင်ကာ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN