မရမ်းချောင်း စစ်ဆေးရေးစခန်းဂိတ်မှ မျောက်ကျောက်ရောဂါ သံသယရှိသူ အမျိုးသား ၁ ဦးစစ်ဆေးတွေ့ရှိ


(ပြည်တွင်း) စက်တင်ဘာ ၅

ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကျိုက်ထိုမြို့ ၊ မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဌာနဆိုင်ရာပူးပေါင်းလုံးခြုံရေးအဖွဲ့တို့သည် ခရီးသည်တင် ယာဉ်များအားစစ်ဆေးဆောင်ရွက်နေစဉ် ဘားအံမြို့မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော ယာဉ်ပေါ်မှ ဦးမျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် သံသယရှိဖွယ် အမျိုးသား ၁ ဦးစစ်ဆေးတွေ့ရှိကြောင်း သိရသည်။

ယာဉ်မောင်း ဦးမျိုးမြင့်စန်း မောင်းနှင်လာသည့် ယာဉ်အမှတ် KYN-4 /7N-9730 “ရွှေမြန်မာ” ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် ခုံအမှတ် (၃၄)၌ စီးနင်းလိုက်ပါ လာသည့် ဦးတင်မြင့်၊ အသက် ၄၅ နှစ်၊(ဘ)ဦးစိုးသောင်း၊ နဝင်းကွက်သစ်၊ ကျောက်ခြံရွာ၊ ဝက်ထီးကန်မြို့၊ ပြည်မြို့နယ်နေသူအား စစ်ဆေးခဲ့ရာ မျောက်ကျောက် ရောဂါနှင့် ပတ်သက်သည့် သံသယရှိဖွယ် လက္ခဏာများတွေ့ရှိရသဖြင့် ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ကျိုက်ထိုလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မရမ်းချောင်း စစ်ဆေးရေးစခန်းမှ ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို့ စစ်ဆေးမှုခံယူရန် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းသား

Telegram»…
https://t.me/positiveanglenews

PAN