ပုဒက်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အား အကြမ်းဖက် PDF များက သိမ်းပိုက်ပြီး နေအိမ် ၆ လုံးမီးရှို့ဖျက်ဆီး


(ပြည်တွင်း)စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ပုဒက်စာကုန်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့အား ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF များက ​ကျေးရွာ၏ အရှေ့ဘက်၊တောင်ဘက်၊မြောက်ဘက်တို့မှ ၃နေရာခွဲ၍ လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFများ၏ တိုက်ခိုက်မှုအား ပုဒက်စာကုန်းကျေးရွာရှိ ပြည် သူ့စစ်(ဌာနေ)အဖွဲ့ဝင်များက ပြန် လည်ခုခံ တိုက်ခိုက်ခဲ့ပြီး အင်အားချင်းမမျှသဖြင့် ကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာခဲ့ပြီး ထနောင်းကုန်းကျေးရွာ၊ပြည်သူ့ စစ်(ဌာနေ)အဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် PDF များသည် ပုဒက်စာကုန်းကျေးရွာအတွင်း ဝင်ရောက်ကာ လူနေအိမ် ၆ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၃၅ စီးခန့်အား ယူဆောင်ကာ ပုဒတ်စာကုန်းကျေးရွာ၏ မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် အကြမ်းဖက် PDF များ၏ ပစ်ခတ်မှုကြောင့် ပုဒတ်စာကုန်းကျေးရွာနေ ဦးဝင်းရှိန်၊ အသက် ၇၀ နှစ်တွင် ဝဲဘက်နောက်ကျောမှ ဝမ်းဗိုက် ဖောက်ဝင် ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ရရှိခဲ့ပြီး တောင်သာမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN