ဂျော်ဂျီယာ အထက်တန်းကျောင်းတွင်း ပစ်ခတ်မှုတွင် ၄ ဦးသေဆုံးခဲ့


(နိုင်ငံတကာ) စက်တင်ဘာ ၅

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါအထက်တန်းကျောင်းသည် Winder ဒေသရှိ Apalachee အထက်တန်းကျောင်းဖြစ်ပြီး သေဆုံးသူများမှာ ကျောင်းသားနှစ်ဦးနှင့် ဆရာနှစ်ဦးတို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ကျောင်းသား ၈ ဦးနှင့် ဆရာတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းသိရသည်။

ချေမှုန်းရေးရိုင်ဖယ်အသုံးပြုပြီး ပစ်ခတ်မှု သံသယရှိသူမှာ ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အမေရိကန်တွင် အဆိုပါဖြစ်စဉ်မတိုင်မီ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ၂၉ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၂၇ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN