အမေရိကန် က ယူကရိန်းသို တာဝေးပစ်ဒုံးကျည်များ ပို့ရန် နီးစပ်နေပြီဟုဆို


(နိုင်ငံတကာ) စက်တင်ဘာ ၄

အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ပေးပိုနိုင်ရေးအတွက် ခွင့်ပြုရန်နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ပြောဆိုမှုကို ကိုးကား၍ ပြည်တွင်းသတင်းဌာနများက စက်တင်ဘာ လ ၃ ရက်တွင် ရေးသားဖော်ပြထားသည်။

ပေးပို့သွားမည့်ဒုံးကျည်များတွင် ပူးတွဲဝေဟင်မှမြေပြင်ပစ်ခုခံ ကာကွယ်ရေး ဒုံးကျည် (JASSM) များ ပါဝင်ဖွယ်ရှိသည်ဟု သတင်းအရင်းအမြစ်သုံးခု က ပြောသည်။

ထိုဒုံးကျည်များသည် အမေရိကန်နိုင်ငံထုတ် တိုက်လေယာဉ်တွင်သာ တပ်ဆင်အသုံးပြုရန် ဒီဇိုင်းရေးဆွဲထားသော်လည်း ယူကရိန်းရှိ အခြားသော တိုက်လေယာဉ်များတွင်လည်း တပ်ဆင်အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင် JASSM ဒုံးကျည်များက မိုင် ၂၃၀ ခန့်သာ ပျံသန်းနိုင်သော်လည်း ယခုတာဝေးပစ်ဒုံးကျည်များမှာ မိုင် ၅၀၀ ကျော်အထိ ပျံသန်းနိုင်သည်။ သို့သော် မည်သည့်အမျိုးအစားကို ပေးပို့သွားမည်ကိုမူ မသိရသေးကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ယူကရိန်းသို တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးရန် စဉ်းစားနေသည်ဟူသော မီဒီယာများ၏ပြောဆိုမှုများကို အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီက ဩဂုတ်လတွင် မည်သည့်မှတ်ချက်ပြုစကားမျှ ပြောထားခြင်းမရှိသည်ကို တွေ့ရသည်။

ထိုဒုံးကျည် များကို ယူကရိန်း က ရုရှားသို့ တိုက်ခိုက်ရာတွင် အသုံးပြုလာနိုင်ဖွယ်ရှိပြီး ယင်းသို့သော လက်နက်များ ပံ့ပိုပေးခြင်း က ရုရှား-ယူကရိန်း ပဋိပက္ခတွင် NATO အုပ်စု၏ တိုက်ရိုက်ပါဝင်မှုကို ရည်ညွှန်းနေသည့်အပြင် ပဋိပက္ခကိုလည်း ရှည်ကြာစေမည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ရုရှားအစိုးရ က ရှုမြင်ထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN