ရဲဆေးတင်ကာ အုပ်ကြီးကိုသတ်ပြီးထွက်ပြေးသည့်တရားခံကို လမ်းခုလတ်တွင် မိသားစုနှင့်အတူ ဖမ်းမိ


(မှုခင်း) စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အောက်တံခွန်တိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ခ(ခ)ဦးအောင်နိုင်ကို စက်တင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ၎င်း၏နေအိမ်ပေါ်သို့တက်ကာ ဓားဖြင့် ခုတ်သတ်ပြီးထွက်ပြေးသွားသည့် တရားခံကို ခရီးသည်တင်မော်တော်ယာဥ်ပေါ်တွင် မိသားစုနှင့်အတူ ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဘောနတ်ကြီးကျေးရွာ (၃၉)မိုင်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သမားများ စိမ့်ဝင်ဖြတ်သန်း သွားလာမှုမရှိစေရေးနှင့် မူးယစ်ဆေးဝါး၊လက်နက်ခဲယမ်းများသယ်ဆောင်မှုမရှိစေရေး ရှာဖွေ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အချိန်တွင် ရန်ကုန်ဘက်မှ ဘုရားကြီးဘက်သို့မောင်းနှင်လာသည့် ပြည်-ရန်ကုန်-မော်လမြိုင် သွား (သီရိရတနာ)ခရီးသည်တင်ယာဉ်ပေါ်၌ ၎င်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမော်တော်ယာဥ်ပေါ်ရှိ ခုံအမှတ်(၁၇)(၁၈)(၁၉)(၂၀)တို့တွင် မိသားစုနှင့်အတူ လိုက်ပါလာသူ ဆန်းလင်း၊ (၄၂)နှစ်(ဘ)ဦးခင်ဝင်း တိုက်ကြီးကုန်း ကျေးရွာ၊ အောက်တံခွန်တိုင်အုပ်စု၊ကန်ကြီးထောင့်မြို့နယ်နေသူမှာ ကျိုက်လတ်နယ်မြေရဲစခန်း၏ (ပ)၂၈/၂ဝ၂၄၊ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၃၂၆အမှုမှ ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များမှဆောင်ရွက်ခဲ့ကြောင်း

အဆိုပါ တရားခံပြေး ဆန်းလင်း(ဘ)ဦးခင်ဝင်း ဆိုသူမှာ ယင်းကျေးရှိ မခင်ထားမေ၏လိုင်စင်မဲ့အရက်ဆိုင်တွင် အရက်ဝင်ရောက်သောက်စားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား မသေမချင်းဓားဖြင့်ခုတ်သတ်ခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူးမှာပွဲခြင်းပြီးသေဆုံကာ အုပ်ချုပ်ရေးမှူး၏ဇနီးသည်ဖြစ်သူမှာလည်း ဒဏ်ရာပြင်း ထန်ရရှိခဲ့သည့်အတွက် ကျိုက်လတ်တိုက်နယ်ဆေးရုံသို့တင်ပို့ခဲ့ရသည်။

အောင်မောင်း(ရာမညမြေ)

Telegram»…
https://t.me/positiveanglenews

PAN