ရထိုက်ကုမ္ပဏီ ရွှေကုက္ကိုလ်ကထွက်ခွာပြီ

(ပြည်တွင်း) စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးအနားတွင်ရှိသော ရွှေကုက္ကိုလ်ဒေသမှ တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော ရထိုက်ကုမ္ပဏီ ထွက်ခွာမည်ဟုကြေညာထားပြီး သူ၏ကြေညာချက်သည် ယခုလ ၁၅ ရက်နေ့မှစတင်အကြုံဝင်သည်ဟု ပြောဆိုထားသည်။

ရထိုက်ကုမ္ပဏီ၏ပြောဆိုချက်တွင် နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏တောင်းဆိုမှုကြောင့် လက်ရှိလုပ်ကိုင်နေသောဒေသဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများအားလုံးအကန့်သတ်မရှိ ရပ်ဆိုင်းမည်ဖြစ်သဖြင့် ရွှေက္ကိုလ်နှင့် ရထိုက်အပါအဝင်မြို့တွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံး ယခုလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင်ရွှေ့ပြောင်းပေးရန် ပြောဆိုထားသည်။

ထွက်ခွာမည့်သူများအားလုံးသည် ယခု စက်တင်ဘာ ၈ ရက်နေ့ နောက်ဆုံးထား၍ ရထိုက်စုပေါင်းရုံးတွင် ကျသင့်ငွေ ဘတ် ၃၉၉၉၉ ဘတ် ပေးဆောင်ပြီး လာရောက်စာရင်းသွင်းရမှာဖြစ်ပြီး ရထိုက်မှ စီစဉ်ပေးသောကားဖြင့် မြဝတီမြို့သို့ထွက်ခွာရမည်ဟုလည်း

လာရောက်စရင်းမသွင်းဘဲ မိမိအစီအစဉ်ဖြင့်ထွက်ခွာသူများအား ရထိုက်မှ နိုင်ငံတကာရဲတပ်ဖွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့များထံသို့ ကိုယ်ရေးအချက်အလက်များကို ပေးပို့သွားမည်ဟုပြောဆိုထားပြီး လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံး ပူပေါင်းဆောင်ရွက်ပေးရန် ရထိုက်ကုမ္ပဏီက အသိပေးထားသည်။

#PAN