မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ လားရှိုးနှင့် မြစ်ကြီးနားတွင် Online Appointment Date ရရှိထားသူများ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ရုံးခွဲများတွင် လျှောက်ထားနိုင်


(ပြည်တွင်း)စက်တင်ဘာ ၄

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(လားရှိုး)တွင် Online Appointment Date ရရှိထားသူများ အနေဖြင့် ရန်ကုန်ရုံးနှင့် တောင်ကြီးရုံးတို့တွင် လျှောက်ထားနိုင်သည့် အပြင် ၂-၉-၂၀၂၄ ရက်မှစ၍ မန္တလေးရုံးခွဲတွင်လည်း လျှောက်ထားနိုင်ပါကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးချက် ကြေညာထားကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(မြစ်ကြီးနား)တွင် Online Appointment Date ရရှိထားသူများအနေဖြင့် မန္တလေးရုံးခွဲတွင် လျှောက်ထား နိုင်သည့်အပြင် ၂-၉-၂၀၂၄ ရက်မှ စ၍ ရန်ကုန်ရုံးတွင်လည်း လျှောက်ထားနိုင်ပါကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN