ဘော်ဒါကျေးရွာ ရာအိမ်မှူးအား အကြမ်းဖက် PDF အဖွဲ့က သတ်ဖြတ်


(ပြည်တွင်း) စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပေါက်ခေါင်းမြို့နယ်၊ ရွှေတောင်ငွေတောင်ကျေးရွာအုပ်စု၊ ဘော်ဒါကျေးရွာ ရာအိမ်မှူး တာဝါတိုင် မီးစက်နှိုးဝန်ထမ်း (စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်ခေါင်းဆောင်)လင်မယား နှစ်ဦးတို့အား အကြမ်းဖက် PDF အဖွဲ့က စက်တင်ဘာလ ၂ ရကနေ့ နေ့လည် ၁ နာရီအချိန်ခန့်က သတ်ဖြစ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ဦးခင်မောင်ဝင်း၊ အသက် ၇၀ နှစ်၊ (ဘ)ဦးကျော်ငြိမ်းရာအိမ်မှူး တာဝါတိုင်မီးစက်နှိုးဝန်ထမ်း(စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်ခေါင်းဆောင်)နှင့် ဇနီး ဖြစ်သူ ဒေါ်ခင်မျိုးဦး၊ အသက် ၆၃ နှစ်၊ (ဘ)ဦးပိုက်ထွေး တို့အား တာဝါတိုင်နေရာတွင် စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့တို့မှ သတ်ဖြတ်ခဲ့ဖြစ်ပြီး သေဆုံးသူ လင်မယားနှစ်ဦး၏ ရုပ်အလောင်းများအား စက်တင်ဘာလ ၃ ရက်နေ့မှ တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN