နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ ရနောင်းဘက်သို့ သွားခွင့်မပြုတော့


(ပြည်တွင်း) စက်တင်ဘာ ၄

ကော့သောင်းမြိုမှ ထိုင်းနိုင်ငံ ရနောင်းမြိုသို့ စက်တင်ဘာလ ၂ ရက်မှစတင်ပြီး နယ်စပ်ဖြတ်ကျော် ခွင့်စာအုပ် နဲ့ သွားခွင့်မပြုတော့ဘဲ ပတ်စ်ပို့စာအုပ်နဲ့သာ သွားခွင့်ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး မြဝတီ-မဲဆောက်အမှတ်(၁)တံတားမှ တစ်ဆင့်ထိုင်းနိုင်ငံဘက် ဝင်ရောက်သူများကို သွားခွင့်မပြုတော့ဘဲ မြဝတီရဲတပ်ဖွဲ့က တားဆီးကာ ပြန်လွတ်နေမှုများရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ PV နိုင်ငံကူးလက်မှတ်ကိုင် နိုင်ငံသားများအနေနဲ့ အလည်အပတ် သွားရောက်ရန် လိုအပ်သော အပြန်လေယာဉ်လက်မှတ်၊ သွားရောက်လည်ပတ်မယ့်နိုင်ငံမှာ တည်းခိုနေထိုင်မယ့် Hotel Booking ၊ လည်ပတ်ရန်နေထိုင်စဉ်သုံးစွဲမည့် လုံလောက်သောငွေကြေး(ShowMoney)များပါရှိမှု ရှိ/မရှိစိစစ်ပြီးပါက အမှန်တကယ် အလည်အပတ်သွားရောက်မည့်သူများ၊ ပြည်ပနိုင်ငံများမှာ ဆေးကုသရန်သွားရောက်မည့်သူ/ ဆေးကူဖော်နှင့် လူမှုရေးကိစ္စ ဆောင်ရွက်မည့်သူများကို ထွက်ခွာခွင့်ပြုလျက်ရှိကြောင်း သိရပါတယ်။

အလည်အပတ် သွားရောက်ရန် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများကို သက်ဆိုင်ရာနိုင်ငံများရဲ့ အလုပ်သမား အခွင့်အရေး များရရှိရန် passport for job (PJ) အမျိုးအစားနိုင်ငံကူး လက်မှတ်လျှောက်ထားရယူ၍ အလုပ်သမား ဝန်ကြီးဌာန‌မှာ ပြည်ပသို့ထွက်ခွာ အလုပ်လုပ်ကိုင်နိုင် ရန်အတွက် OWIC လျှောက်ထားရယူကာ တရားဝင်ပြည်ပ ထွက်ခွာအလုပ်လုပ်ကိုင်ခွင့်ပြုလျက်ရှိတယ်လို့ သိရပါတယ်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN