လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

နေ”(စီးပွားရေး) စက်တင်ဘာ ၃

မိုးတွင်းကာလလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာဟာ ကြာမြင့်ခဲ့ပြီဖြစ်တယ်လို့ မြဝတီနယ်စပ်ကုန်သည်များရဲ့ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ လမ်းများပျက်ဆီးနေခြင်း၊ ရေကြီးမှု တို့ကြောင့် ကုန်ကားများသွားမရဖြစ်နေတဲ့အပြင် လမ်းပိုင်းမှာပိတ်မိနေတဲ့ ကုန်ကားကြီးများလည်း ရှိနေတယ်လို့ သိရပါတယ်။

ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းကို တိုက်ပွဲများကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်မှ စတင်ပြီး လက်ရှိအချိန်ထိ  ကိုးလကြာ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ကော့ကရိတ်-မြဝတီအာရှ ကုန်သွယ်ရေးလမ်းကို အချိန်အတန်ကြာ သွားလာမှုပိတ်ပင်ထားတာကြောင့် ထို့ကော်ကိုးလမ်းသို့ ခရီးသွား ပြည်သူများ ကုန်တင်ကားများ ပြောင်းလဲအသုံးပြုနေရပြီး လမ်းခရီးကြမ်းတမ်းမှုအပြင် မိုးတွင်းကာလမှာ သွားလာရေးခက်ခဲမှုများဖြစ်ပေါ်လျက် ရှိပါတယ်။  

မြန်မာ-ထိုင်း ကုန်သွယ်မှုအနေဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်များကို အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်နှင့် စက်အပိုပစ္စည်းများ၊ ဆေးဝါး၊ အထည်အလိပ်၊ အလှကုန်၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်နှင့် လျှပ်စစ်ပစ္စည်းများကို ပြန်လည် တင်သွင်းခြင်း ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်များမှ ကုန်သွယ်မှုပြုလုပ်ကြောင်း သိရပါတယ်။

#PAN