လမိုင်းက ရွှေဆိုင်ကို PDF ဓားပြဝင်တိုက်


(မှုခင်း) စက်တင်ဘာ ၃

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့က ရွှေဆိုင်တစ်ဆိုင်ကို PDF အကြမ်းဖက်သမားများမှ ဝင်ရောက်ဓားပြတိုက်မှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမိုင်းမြို့၊ မြို့မ(၁)ရပ်ကွက်ရှိ ရှင်စောပုဈေးတွင် ရွှေလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်ယုဇန၊ ၃၅ နှစ်၏ ယုဇနရွှေဆိုင်သို့ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် PDF အကြမ်းဖက်သမား အမျိုးသား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ရွှေဆိုင်အတွင်းရှိ ၈ လက္မပတ်လည်၊ ၁ ပေခွဲအမြင့်ရှိ ရွှေနားကပ်ထည့်သည့် ပုံး ၁ ပုံး(စိစစ်ဆဲ သိန်း ၂၀၀ ဝန်းကျင်ခန့် တန်ဖိုးရှိ)အား လုယူကာ ဈေးအနောက်ဘက်မှ ကော့ဒွတ်ကျေးရွာ ဘက်သို့ ဦးတည် မောင်နှင်ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသည့် PDF အကြမ်းဖက်သမားများအား ဈေးအတွင်းရှိ ပြည်သူများမှ ပစ္စည်းပြန်လည်ရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသော်လည်း အကြမ်းဖက်သမားများမှ ပစ္စတိုသေနတ် ၂ ချက် မိုးပေါ်ထောင် ဖောက်၍ ထွက်ပြေးလွှတ်မြောက်သွားသည်ဟု သိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် နံနက် ၇ နာရီခွဲအချိန်ခန့် မှစ၍ ဈေးအနီးသို့ ကြိုတင်ရောက်ရှိစောင့်ဆိုင်းခဲ့ပြီး အခွင့်သာသည့်အချိန်တွင် ဓားပြတိုက် လုယူထွက်ပြေးခဲ့ကြခြင်ဖြစ်ကြာင်း သိရသည်။

အောင်မောင်း(ရာမညမြေ)

Telegram»…
https://t.me/positiveanglenews

PAN