“ပုဂ္ဂလိကဘဏ်အချို့ အတိုးနှုန်းပြင်ဆင်သတ်မှတ်”

(စီးပွားရေး) စက်တင်ဘာ ၃

ပုဂ္ဂလိကဘဏ်များရဲ့ အပ်ငွေအတိုးနှုန်းကို အပ်ငွေအမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး ၈ ရာခိုင်နှုန်းမှ အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရန်နှင့် ဘဏ်များမှချေးငွေပိုမိုထုတ်ချေးနိုင်ရန်အတွက် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးတဲ့ အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်တဲ့ အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဩဂုတ်လ ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်တဲ့ လက်ရှိအတိုးနှုန်းများမှာ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနှင့် ချေးငွေများ အားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဘဏ်များအနေနဲ့ မိမိတို့ရဲ့ အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရအပ်ငွေနှင့် ချေးငွေအတိုးနှုန်းများကို ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အတွင်း သတ်မှတ်ရန်ဖြစ်တယ်လို့ သိရပါတယ်။

#PAN