စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့


(ပြည်တွင်း) စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ရှိ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်ခန့်က စစ်ရေးနှင့်မသက်ဆိုင်သော လူနေရပ်ကွက်များပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံး ၁ လုံးမှာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈×၉ လမ်းကြား၊ ၈၉လမ်းရှိ လူနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ အရွယ်၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ရှော့တိုက်ဒုံး ၁ လုံးမှာ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၆)၊ ၉ လမ်း၊ ၇၈×၇၉ လမ်းကြားရှိ ဦးအောင်မြင့်သူ၊ အသက် ၃၇ နှစ်၊(ဘ)ဦးသန်းလင်း ပိုင်ဆိုင်သည့် RC ၃ ထပ်ခွဲတိုက်၊အပေါ်ဆုံးထပ်၊ ရှေ့မျက်နှာစာ ဝရန်တာပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦး အနည်းငယ်ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN