ကွန်ဂိုနိုင်ငံတွင် ထောင်ဖောက်ပြေးရန် ကြိုးပမ်းမှုကြောင့် လူ ၁၃၀ နီးပါးသေဆုံး


(နိုင်ငံတကာ) စက်တင်ဘာ ၃

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံရှိ အကြီးဆုံးအကျဉ်းထောင်မှ ထွက်ပြေးရန်ကြိုးပမ်းသည့် အကျဉ်းသား ၁၃၀ နီးပါး သေဆုံးခဲ့ကြောင်းသိရသည်။

မြို့တော်ကင်ရှာဆာရှိ မာကာလာအကျဉ်းထောင်မှ အကျဉ်းသားများသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ထွက်ပြေးရန် ကြိုးပမ်းခဲ့ပြီး အကျဉ်းသား ၁၂၉ ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီး Shabani Lukooက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် အကျဉ်းထောင်ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ထိန်းသိမ်းခဲ့ရကြောင်း ပစ်ခတ်မှုများနှင့် လူပိကာ အသက်ရှူကြပ်ကာ သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီး Lukoo က လက်ရှိ ဖြစ်စဉ်တွင် သိသိသာသာ ပျက်စီးမှုများလည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မာကာလာအကျဉ်းထောင်သည် ကွန်ဂိုနိုင်ငံ၏ အကြီးဆုံးအကျဉ်းထောင်ဖြစ်ပြီး အကျဉ်းသား ၁၅၀၀ ဆံ့သည့် အကျဉ်းထောင်ဖြစ်သော်လည်း ဖမ်းဆီးထိန်းသိမ်းထားသူ ၁၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN