“ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးကြေး တိုးမြှင့်ကောက်ခံမည်”

(နိုင်ငံတကာ) စက်တင်ဘာ ၃

စက်တင်ဘာလ ၁ ရက်မှစတင်ပြီး မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းကြေးကို တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်တယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က အသိပေးကြေညာထားပါတယ်။

ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေနဲ့ ကိုရီးယားသမ္မတနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် ယခင်ကစာအုပ်ဖိုးကို ကိုရီးယားဝမ်ငွေ ၄၈,၀၀၀ ကောက်ခံခဲ့ရာမှ ယခုစက်တင်ဘာလ ၁ ရက်မှစတင်ကာ စာအုပ်ဖိုး ကိုရီးယားဝမ်ငွေ ၅၅,၀၀၀ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ကူးလက်မှတ်ပျောက်ဆုံးခြင်းအတွက် စာအုပ်တစ်အုပ်ကို အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာနှင့် သက်တမ်းလွန် ဒဏ်ကြေးအတွက် တစ်နှစ်ကျော်လွန်ပါက အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာကောက်ခံမှုကို ယခင်အတိုင်း ပြောင်းလဲမှု မရှိပဲ ကောက်ခံသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

 လက်ရှိမှာ ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့ သွားရောက် လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား‌ပေါင်း ၇၀,၀၀၀ နီးပါးရှိပြီး အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ EPS စနစ်နဲ့ အလုပ်လုပ်ကိုင်ရန် ကိုရီးယားနိုင်ငံသို့ လစဉ်စေလွှတ်နေတာ ဖြစ်ပါတယ်။

#PAN