အစ္စရေးနိုင်ငံတစ်ဝှမ်းဆန္ဒပြမှုများ ဖြစ်ပေါ်နေ

(နိုင်ငံတကာ) စက်တင်ဘာ ၂

ဓားစားခံများ ပြန်လည်လွတ်မြောက်လာရေး  ဝန်ကြီးချုပ်နေတန်ရာဟုအား ဖိအားပေးရန် အစ္စရေးနိုင်ငံတစ်ဝှမ်းလုံး ဆန္ဒပြမှုများဖြစ်ပေါ်နေကြောင်းသိရသည်။

ဆန္ဒပြသူများသည် နိုင်ငံအဝှမ်းရှိ ပြည်သူများပါဝင်ရန် ဖိတ်ခေါ်ထားပြီး မြို့တော် တဲလ် အဗီလ်နှင့် မြို့ကြီးများမှ လမ်းမကြီးများအား ဆန္ဒပြသူများမှ ပိတ်ဆို့ထားသည်။

မြို့များရှိ ဆေးခန်းများ စည်ပင်သာယာရေးနှင့် ဘဏ်လုပ်ငန်းများ ဆေးခန်းများ သိသိသာသာ ထိခိုက်မှုမရှိသော်လည်း စွမ်းဆောင်ရည် လျော့ကျသွားမည်ဖြစ်ပြီး ဘတ်စ်ကားလိုင်းများနှင့် လေကြောင်းခရီးစဉ်များပါ သိသိသာသာထိခိုက်နိုင်ကြောင်းသိရသည်။

လက်ရှိ ဆန္ဒပြ သပိတ်မှောက်မှုများသည် စစ်ပွဲကာလတစ်လျှောက်တွင် အကြီးမားဆုံးသော ဆန္ဒပြမှုဖြစ်ကြောင်းသိရသည်။

အလင်းရောင်