ဝိုင်းမော်မြို့နယ်တွင် KIA နှင့်တပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့


(ပြည်တွင်း) စက်တင်ဘာ ၂

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ကချင်သောင်းကျန်းသူ KIA နှင့် တပ်မတော်တို့ကြား စက်တင်ဘာလ ၁ ရက်နေ့ တစ်နေ့လုံးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

KIA သောင်းကျန်းသူများက နောင်စီပေါနှင့် ဆည်ပေါင်ပေါ်မှနေပြီး လျှော့တိုက်ဗုံးများ လက်နက်ကြီးများဖြင့် လူနေရပ်ကွက်အတွင်းရှိ ပြည်သူကိုပစ်မှတ်ထားပစ်ခတ်တိုက်ခဲ့သည်ဟုလည်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

လူနေရပ်ကွက်များအတွင်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့် KIA ​များအား တပ်မတော်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသဖြင့် ညဆယ်နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်သောင်းကျန်းသူ KIA ပသ်ခတ်သည့်လက်နက်ကြီးများသည် ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းများရှိခဲ့သေည်လည်း ဒေသခံလူထုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ