လပွတ္တာမြို့တွင်ရှိ ဆိုင်ခန်းတစ်ခုအတွင်း ဘတ္တီအိုးအားသွင်းထားခဲ့ရာမှ အပူရှိန် လွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


(မှုခင်း) စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းရှိ ဖုန်းနှင့်ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ခန်းအတွင်း၌ ဘတ္တီအိုးအားသွင်းထားခဲ့ရာမှ အပူရှိန် လွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

AUUTO MOBILE ဖုန်းနှင့်ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ခန်းအတွင်း၌ ဘတ္တီအိုးအားသွင်းထားစဥ် ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၄ နာရီ ၄၀ မိနစ် အချိန်ခန့်၌ အပူရှိန် လွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းအရ မီးလောင်နေရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးစိမ်းကိုကို ဦးဆောင်သည့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်နေပြည်သူများနှင့်အတူ မီးသတ်ယာဉ်(၆)စီး၊ ရေသည်ယာဉ် (ထော်လာဂျီ)(၁၀)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅ မိနစ်အချိန် မီးထိန်းနိုင်ပြီး ၅ နာရီ ၁၅ မိနစ်အချိန် အမီးငြိမ်းကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် AUUTO MOBILE ဖုန်းနှင့်ဖုန်းအပိုပစ္စည်းအရောင်းဆိုင်၊ ရွှေငါး(ရေလုပ်ငန်းနှင့်လယ်ယာသုံးပစ္စည်း အရောင်းဆိုင်)နှင့် ရွှေနံ့သာ (အိမ်ဆောင်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်)တို့ မီးလောင်ကျွမ်းခဲ့ပြီး လူ/တိရိစ္ဆာန်ထိခိုက်/ သေဆုံးမှုမရှိပါကြောင်းသိရသည်။

မီးလောင်မှုကြောင့် (၁၈×၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်းဆိုင်ခန်း(၂)ခန်း၊ (၉×၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်က ရစ်ခင်းဆိုင်ခန်း(၁)ခန်းအနည်းငယ်မီးလောင်ခံရပြီး ဆုံးရှုံးမှုကာလတန်ဖိုး (၉၄၀၉၅၀ဝိ/)ကျပ်ခန့်ဖြစ်ကြောင်းသိရှိရပါသည်။

အောင်မောင်း(ရာမညမြေ)

Telegram»…
https://t.me/positiveanglenews

PAN

SZ