ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၉ဦးထိခိုက်ဒဏ်ရာရရှိပြီး ၁ဦးသေဆုံး

(မှုခင်း) စက်တင်ဘာ ၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၁၁/၆)ဖာလုံတွင် ယနေ့နံတက်၅နာရီ၄၅မိနစ်အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း ​မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

 ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ပြင်စည်အမြန်လမ်း မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးတပ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။သည်။

အဆိုပါယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါကျား(၈)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း(၂၅)ဦးအနက် ယာဉ်ပေါ်ပါ ကျား(၁)ဦး (သေဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မ (၇)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာရွှေပြည်