ယူကရိန်းမြို့တော်ကို ရုရှားမှ ဒုံးကျည်များဖြင့်တိုက်ခိုက်


(နိုင်ငံတကာ) စက်တင်ဘာ ၂

ယူကရိန်းနိုင်ငံ၏မြို့တော် ကိယက်ဗ်ကို ရုရှားစစ်တပ်က တနင်္လာနေ့နံနက်ပိုင်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ဒုံးကျည်အစင်းနှစ်ဆယ်ကျော်ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မြေအောက်ဘူတာရုံ၊ ရေသန့်စက်နှင့် အဆောက်အဦးများ ထိခိုက်ခဲ့ကြောင်း ယူကရိန်းမှ ထုတ်ပြန်ထားသည်။

ယူကရိန်းစစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်မှ ရုရှား၏ ခရုဇ်ဒုံးကျည် ၁၀ စင်းနီးပါး ပစ်ချက် ဖျက်ဆီးနိုင်ခဲ့ကြောင်း တယ်လီဂရမ်လူမှုကွန်ယက်တွင် ထုတ်ပြန်ခဲ့သည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN