မိုင်ဂျယာန်ကိုညချင်းခရီးဆက်လိုသည့် အမျိုးသမီးနှစ်ဦး မော်တော်ယာဥ်တိမ်းမေှာက်မှုကြောင့် သေဆုံး

(မှုခင်း) စက်တင်ဘာ ၂

ကချင်ပြည်နယ်၊ မန့်ဝိန်းကြီး – လွယ်ဂျယ်လမ်းမှာ စက်တင်ဘာလ ၁ ရက်နေ့က ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ကာ ကားပေါ်ပါလာသည့်မိန်းကလေး ၂ ဦး သေဆုံးသွားခဲ့ကြောင်းသိရှိရသည်။

မူဆယ်မှ မိုင်ဂျာယာန်သို့ သွားသော လမ်းခရီးတွင် ညဉ့်နက်သွားပြီးဖြစ်သောကြောင့် ကားဆရာမှ နောက်တစ်နေ့ နံနက်မှ ခရီးဆက်ရန်အတွက် မန့်ဝိန်းကြီးတွင် ခရီးရပ်နားခဲ့သည်။

သို့သော်လည်း ခရီးသည် မိန်း ကလေး(၂)ဦးက ညတွင်းချင်း မိုင်ဂျာယာန်သွားလိုသည်ဟုတောင်းဆိုသောကြောင့် ခရီးဆက်ခဲ့ရာမှ ရေချောင်းတစ်ခုကို ဖြတ်မောင်းစဉ်ချောင်းအတွင်း ကားတိမ်းမှောက် နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။

အဆိုပါကားတိမ်းမှောက်မှုကြောင့် မော်တော်ယာဥ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးနှစ်ွဦးမှာ ခင်းဖြစ်သည့်နေရာတွင်ပင်သေဆုံးသွားကြောင်း သိရသည်။

#PAN