ဘုရားမီးပူဇော်ရာမှတဆင့် နေအိမ်(၂) လုံး မီးလောင်

(မှုခင်း) စက်တင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းအချိန်တွင် ဘုရားမီးပူဇော်ရာမှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်စီးကားတစ်စီး၊ ထော်လာဂျီတစ်စီး၊ စပါးစိုက်စက် (၂) စီး၊ စပါးရိတ်စက် တစ်စီး၊ လယ်ထွန်စက် (၂ )စီး၊ သုံးဘီးဆိုင်ကယ် (၁) နှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှု့အား ကျေးရွာသူပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်သဖြင့်  မီးငြိမ်းသွားကြောင်း သိရသည်။

ဇေယျာရွှေပြည်

#PAN