ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အမိန့်ကြော်ငြာစာအမှတ်၊ ၂ /၂၀၂၄၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၄ ရက်(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်)အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၁။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် United League of Arakan(ULA)/ Arakan Army (AA) လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၂၃.၃.၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၀)ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပါသည်။ သို့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေး တည်ဆောက်နိုင်ရန်အတွက် အကြမ်းဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၁၁.၃.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းပေးခဲ့ပါသည်။
၂။ ယခုအခါ အဆိုပါ United League of Arakan(ULA)/ Arakan Army(AA)လက်နက်ကိုင် အဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှု ဖြစ်သည့် အများပြည်သူ၏ လုံခြုံ ရေးကိုဖြစ်စေ၊ အသက်အိုးအိမ် စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံ အဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကိုဖြစ်စေ ပြင်းထန်စွာ ထိခိုက် ဆုံးရှုံးစေရန် ပြုလုပ်မှုများဖြစ်သည့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတား များကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်း ဖက်လုပ်ရပ်များကို ပြန်လည်ကျူးလွန်လာခဲ့သည့်အပြင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်လျက်ရှိသည်။
၃။ သို့ပါ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၁၁.၃.၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊(၁/၂၀၂၁)ဖြင့် ယင်းအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည် ရုပ်သိမ်းပေးခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်သည်။

ဥက္ကဋ္ဌ
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN