နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာတွေ


(ပြည်တွင်း) စတင်ဘာ ၂

သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ငှက်ပျောသီးကဲ့သို အသီးတွေမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကြက်ဥနဲ့ ဘဲဥတွေ စားပေးခြင်းဖြင့်လည်း ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်ပါတယ်။

အာလူးမီးဖုတ် သိုမဟုတ် အာလူးပြုတ်ဟာ အဆာခံနိုင်တဲ့ အစားအစာဖြစ်ပြီး ဗီတာမင်တွေ၊ အမျှင် ဓာတ်နဲ့ အခြားသော အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် စွမ်းအင်ပြည့်ပြီး အချိန်ကြာအောင် ဗိုက်ပြည့်စေတဲ့ အစားအစာဖြစ်ပါတယ်။

ပဲဟင်းရည်သောက်ပေးခြင်းဖြင့် သွေးကြောများထဲရှိ သကြားဓာတ်ထုတ်လွှတ်မှုကို နှေးကွေးစေပြီး အမျှင် ဓာတ်နဲ့ ရေဓာတ်ပြည့်ဝစေပါတယ်။

အဆီထုတ်ပြီးသား ဒိန်ချဉ်ကိုသောက်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချရန် အထောက်အကူပြုနိုင်ပြီး အခြားသော အစားအစာတွေ စားသုံးမှုလျော့နည်းစေကာ သွေးထဲရှိသကြားဓာတ်ပမာဏကို ထိန်းပေးနိုင်ပါတယ်။

အစာချေဖျက်မှုအတွက် အထောက်အကူပြုသော ပန်းသီးကို ပုံမှန်စားပေးသင့်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မင်းဂွတ်သီးစားခြင်းဖြင့် အချိုစားလိုစိတ် လျော့နည်းစေကာ သွေးထဲရှိ သကြားဓာတ် ထုတ်လွှတ်မှုကို နှေးကွေးစေနိုင်ပါတယ်။

မြင်းစားဂျုံမှာ အမျှင်ဓာတ်နဲ့ ကျန်းမာရေးနဲ့လည်းညီတဲ့ အဆီဓာတ်ပါဝင်တာကြောင့် ပုံမှန်စားပေး သင့်ပါတယ်။ သဘာဝဂျုံစေ့တွေမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာ ပါဝင်ကာ အဲဒီအစားအစာတွေမှာ ပါဝင်တဲ့ အမျှင်ဓာတ် က ဆာလောင်မှုကို ထိန်းပေးနိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ