ညောင်ဦးတွင် အမျိုးသားနှစ်ဦးအား အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်

(မှုခင်း)စက်တင်ဘာ ၂


မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်၊လက်ထုတ်ကျေးရွာ၌ယနေ့နံနက်၇နာရီခွဲအချိန်ခန့်က အမျိုးသားနှစ်ဦးအား ဒလန်ဟုစွတ်စွဲကာ အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ပစ်ခတ် သတ်ဖြတ်သွားသဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ လက်ထုတ်ကျေးရွာ၊ညောင်ဦးမြို့နယ်၊ညောင်ဦး-မြင်းခြံသွားကားလမ်း အနောက်ဘက် ၁ဖါလုံခန့်အကွာ ဦးချစ်ကို၏နေအိမ်ရှေ့တွင် ဦးချစ်ကို၊၄၂နှစ်၊(ဘ)ဦးသာအောင်၊ကျဘမ်းလုပ်သူတွင် ဝဲဘက်​​​​နားထင် ဖေါက်ဝင်ဒဏ်ရာ ၂ချက်ဖြင့် လဲကျသေဆုံးနေကြောင်း၊ ဦးချစ်ကို နေအိမ်၏ အနောက် မြောက်ဘက် ၁ဖာလုံခန့်အကွာ၌ တင်ထွန်းအောင်​​ဝေ(ခ)ဆုကြီးဝေ၊၄၅နှစ်၊(ဘ)ဦးအောင်တင်၊ကျဘမ်းလုပ်သူသည် ၎င်း၏နေအိမ်ရှေ့တွင် ဝဲ-နားထင် ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ယာဘက်မျက်လုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့် လဲကျသေ ဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်အား အမည်မသိ အကြမ်းဖက် သမား ၁၀ဦးခန့်သည် ယနေ့ နံနက်၃နာရီခွဲ အချိန်ခန့်တွင် သေနတ်အတို/အရှည်၊ဒါးများကိုင်ဆောင်လျှက် ခြေလျှင်ဝင်လာပြီး သေဆုံးသူ ၂ဦးအား ပစ်ခတ်သတ် ဖြတ်ကာ လာရာလမ်းအတိုင်း ပြန် လည်ထွက်ခွာသွားကြောင်း၊သေ ဆုံးသူ ၂ဦးမှာ ကျေးရွာအတွင်း လူမိုက်များဖြစ်ကာ လုံခြုံရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရှိ၍ အကြမ်းဖက်သမားများက သတ် ဖြတ်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ZN

PAN