ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မောင်နှင်သည့် အမျိုးသား သေဆုံး


(မှုခင်း) စက်တင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာအုပ်စု၊ ဖားပေ့ကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားကြောင်းသိရသည်။

ဦးဂျိုးဇက် အမည်ရှိ အသက်(၄၅)နှစ်အရွယ် အဆိုပါအမျိုးသားသည် စက်တင်ဘာ ၁ ရက်နေ့ နံနက် ၆ နာရီချိန်ခန့်တွင် မိုင်းဖြတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန နှင့်EPC ရုံး လမ်းဆုံ၌ ဆိုင်ကယ်တိမ်းမှောက်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ကနေ ကာနဲ့တိုက်ခံရတယ်လို့ပြောတယ်ဗျ ခုတော့ ရဲလုပ်ထုံးလုပ်နည်းနဲ့ သံသယတွေကိုတော့စစ်နေတာရှိတယ်။ အတိအကျတော့ပြောလို့မရသေးဘူး” ဟု ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

အဆိုပါကွယ်လွန်သူ၏ ရုပ်အလောင်းအား မိုင်းဖြတ်လူမှုကူညီရေးအသင်းမှ မြို့နယ်ပြည်သူ့ဆေးရုံသို့ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသည့် မော်တော်ယာဥ်နှင့် ပိုင်ရှင်ဖြစ်သူကို မ​ြို့မရဲစခန်းက ခေါ်ယူစစ်ဆေးနေပြီး ဥပဒေအရအမှုဖွင့်နိုင်ရေး ဆောင်ရွက်ချက်ရှိကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ