ဂျပန်တွင် ဈေးဝယ်စင်တာမှ ခုန်ချကာ သေကြောင်းကြံစည်သည့် လူငယ်တစ်ဦးနှင့် ထိခိုက်မိကာ လူတစ်ဦးထပ်မံသေဆုံး

(နိုင်ငံတကာ) စက်တင်ဘာ ၂

ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့တွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသည် လူသွားလူလာများသည့် ဈေးဝယ်စင်တာတစ်ခုပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူသည် စနေနေ့ညပိုင်းက သေကြောင်းကြံသည်ခုန်ချခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဈေးဝယ်စင်တာသို့ သူငယ်ချင်းများနှင့် ဈေးဝယ်လာစည့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပေါ်ပြုတ်ကျခဲ့ပြီး နှစ်ဦးလုံးသေဆုံးခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးအား ချက်ချင်း ဆေးရုံးသို့ပို့ဆောင်သော်လည်း တစ်နာရီအကြာတွင် နှစ်ဦးလုံး သေဆုံးခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံတွင် ကျောင်းပြဿနာများကြောင့် ကလေး ၅၃၁ ဦး သတ်သေခဲ့ပြီး ဂျပန်နိုင်ငံတွင် သေကြောင်း ကြံစည်မှုများ လျော့ကျလာသော်လည်း လူငယ်များ သေကြောင်းကြံစည်မှုများ မြင့်တက်နေဆဲဖြစ်ကြောင်းသိရသည်။

အလင်းရောင်

PAN