ကမ်မလာ ဟဲရစ် က ဒေါ်နယ်ထရမ့် ထက် ခန့်မှန်းရလွယ်သော ပြိုင်ဘက်ဖြစ်ဟု ရုရှားပြော


(နိုင်ငံတကာ) စက်တင်ဘာ ၂

အမေရိကန် ဒီမိုကရက်တစ်ပါတီမှ ရွေးကောက်ပွဲဝင်မည့် သမ္မတကိုယ်စားလှယ်လောင်း ကမ်မလာဟဲရစ် သည် ဒေါ်နယ်ထရမ့် ထက် ခန့်မှန်းရလွယ်သော ပြိုင်ဘက်ဖြစ်သည်ဟု ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က ပြောသည်။

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၌ မည်သူက သမ္မတဖြစ်မည်ဟု စိတ်ဝင် စားခြင်း မရှိကြောင်း၊ သို့သော် ဂျိုးဘိုင်ဒင်နှင့် ကမ်မလာ ဟဲရစ်တို့အပါအဝင် ဒီမိုကရက်များအားလုံးသည် ခန့်မှန်းရ လွယ်သူများ ဖြစ်ကြောင်း ပက်စကော့ က အင်တာဗျူးတစ်ခုတွင် ပြောထားသည်။

အလားတူ အနာဂတ်တွင် ဒီမိုကရက်များအနေဖြင့် ရုရှားနှင့်ဥရောပနိုင်ငံများအပေါ် ထားရှိမည့် သဘောထားသည်လည်း လက်ရှိအတိုင်းပင် ပြောင်းလဲမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ရုရှား-အမေရိကန် ဆက်ဆံရေးအခြေအနေသည် ဂျိုးဘိုင်ဒင်လက်ထက်တွင် အဆိုးဆုံးအနေအထားသို ရောက်ရှိလာ ကြောင်းနှင့် သည်းခံနိုင်သည့်အခြေအနေတွင် မရှိတော့ကြောင်း ၎င်း ကပြောသည်ဟု Sputnik သတင်းဌာန ဖော်ပြ ချက်အရ သိရသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN