ရုရှားသမ္မတ ပူတင် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန်စီစဉ်


(နိုင်ငံတကာ) စက်တင်ဘာလ ၁ ရက်

ရုရှားသမ္မတ ပူတင် သည် နိုင်ငံတကာရာဇဝတ်တရားရုံး(အိုင်စီစီ)အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရုရှားသမ္မတ ပူတင် သည် အိုင်စီစီက ဖမ်းဝရမ်းထုတ်ထားသော်လည်း အိုင်စီစီအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့အခြေစိုက် အိုင်စီစီသည် ယူကရိန်းစစ်ပွဲကာလအတွင်း စစ်ရာဇဝတ်မှုကျူးလွန် ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ရုရှားသမ္မတ ပူတင် ကို ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဝရမ်းထုတ်ခဲ့သည်။

သို့ရာတွင် သမ္မတ ပူတင် ၏ မွန်ဂိုလီးယားခရီးစဉ်အတွင်း ရုရှားနိုင်ငံအနေဖြင့် မည်သည့်စိုးရိမ်ပူပန်မှုမျှမရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ် က ဩဂုတ်လ ၃၀ ရက်က ပြောကြားထားသည်။

ဒီမီထရီပက်စကော့ ၏ အဆိုအရ ရုရှားသမ္မတ သည် မွန်ဂိုလီးယားသမ္မတ၏ ဖိတ်ကြားချက်အရ လာမည့် စက်တင်ဘာလ ၃ ရက်တွင် မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ရုရှားသမ္မတ ပူတင် အတွက် အိုင်စီစီက ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းကို တရားဝင်မှုမရှိသည့် ဖမ်းဝရမ်းအဖြစ် ငြင်းပယ်ထားပြီးဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံသည် အိုင်စီစီ၏ ရောမစာချုပ်ကို ၂၀၀၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အတည်ပြုခဲ့သည့် နိုင်ငံဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ