“US အိုးပင်းမှထွက်ခဲ့ရတဲ့ ချန်ပီယံဟောင်း အယ်ကာရက်ဇ်”

(အားကစား)သြဂုတ် ၃၁

ယူအက်စ်အိုးပင်းချန်ပီယံဟောင်း စပိန်တင်းနစ်သမား အယ်ကာရက်ဇ် ဟာ လက်ရှိကျင်းပနေတဲ့ ယူအက်စ် အိုးပင်း အမျိုးသားတစ်ဦးချင်းမှာ ဒုတိယအဆင့်ကနေ ထွက်လိုက်ရပါတယ်။ ဩဂုတ်လ ၂၉ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအဆင့်ပွဲစဉ်မှာ အယ်ကာရက်ဇ် က နယ်သာလန်နိုင်ငံသား ဇန်ချက် နဲ့ ဆုံတွေ့ခဲ့ပြီး အယ်ကာရက်ဇ် အနေနဲ့ ပုံမှန်လက်စွမ်းပျောက်ဆုံးနေခဲ့လို့ ရုန်းကန်ခဲ့ရပါတယ်။
   အယ်ကာရက်ဇ် ဟာ အခုပွဲစဉ်မတိုင်ခင် ပြင်သစ်အိုးပင်းနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရရှိထား သလို ဂရင်းစလမ်ပွဲစဉ် ၁၅ ပွဲဆက် အနိုင်ရထားတာ ဖြစ်ပါတယ်။  ဒါပေမဲ့ အခုပွဲစဉ်မှာတော့ ကမ္ဘာ့အဆင့် ၇၅ မှာရပ် တည်နေတဲ့ ဇန်ချက် က ကမ္ဘာ့အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ အယ်ကာရက်ဇ်ကို (၆း၁၊ ၇း၅၊ ၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
၂၀၂၁ ဝင်ဘယ်ဒန်ပြိုင်ပွဲနောက်ပိုင်း ဂရင်းစလမ် ပြိုင်ပွဲတစ်ခုမှာ အယ်ကာရက်ဇ် အတွက် အစောဆုံး ထွက်ခွာရမှု ဖြစ်လာခဲ့ပါတယ်။ ယူအက်စ်အိုးပင်းမှာ အမြင့်ဆုံးအဖြစ် ကွာတားဖိုင်နယ်အထိသာ တက်နိုင်ခဲ့တဲ့ ဇန်ချက် ဟာ တတိယအဆင့်မှာတော့ ဗြိတိန်တင်းနစ်သမား ဒရာပါ နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#PAN