သောင်းကျန်းသူ AA အဖွဲ့မှ ၎င်းတို့ကို မထောက်ခံသော နေအိမ်များကို အပိုင်သိမ်းယူ၍ ၎င်းတို့ကိုထောက်ခံအားပေးသူများအား ပေးနေ


ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဩဂုတ်လ အလယ်လောက်မှစ၍ ဌာနဆိုင်ရာများ ၊ တပ်မတော်ထောက်ခံသူများ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ ပြည်ခိုင်ဖြိုးပါတီမှတာဝန်အသီးသီးယူထားသောပြည်သူများ၏ အိမ်များရှိ ပစ္စည်းများကို AAသောင်းကျန်းသူများက ဖောက်ထွင်းယူဆောင်ခြင်း၊ အိမ်များကို ချိတ်ပိတ်ခြင်းတို့ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

အဆိုပါအိမ်များတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှပြောင်းရွှေ့လာသော AAသောင်းကျန်းသူအဖွဲ့များကို ထောက်ခံသူများ ၊ AA အားပေးသူများ၊ AA မိသားစုများနှင့်မိသားစုဝင်များကို နေထိုင်စေလျက်ရှိကြောင်း သိရပါသည်။

ထို့ကြောင့် စစ်ဘေးကြောင့်လည်းကောင်း ၊ AA ကို မထောက်ခံသောကြောင့်လည်းကောင်း အေးချမ်းစွာနေထိုင်လိုကြသော မြို့နှင့် အဝေးရောက်နေသူ သံတွဲသူ/သားတို့မှာ စိုးရိမ်သောကရောက်လျက်ရှိနေပါကြောင်း မြေပြင်သတင်းများအရသိရပါသည်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်ရှိကြောင်းသိရသလို ကျိန္တလီမြို့၏လက်ရှိအခြေအနေမှာ အေးချမ်းလျက်ရှိပါကြောင်း မြေပြင်သတင်းများအရ သိရပါသည်။

#PAN