“ရန်ကုန်မြို့ရှိမြို့နယ် ၃၁ မြို့နယ်မှာ ညမထွက်ရအမိန့်ထုတ်ပြန်”

(ပြည်တွင်း)သြဂုတ် ၃၁

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၁ မြို့နယ်ကို ညမထွက်ရ အမိန့်ထုတ်ပြန် လိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဩဂုတ်လ ၂၇ ရက်စွဲနဲ့ အမိန့်ထုတ်ပြန် ထားပါတယ်။ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှာ ရှိတဲ့ ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်တွေမှအပ ကျန် ၃၁ မြို့နယ် အတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄)အရ မနက် ၁ နာရီမှ မနက် ၃ နာရီအထိ ညမထွက်ရအမိန့်ကို တားမြစ်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ် တွေမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းတာမပြုဘူးလို့လည်း အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်ဟာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်စေရမယ်လို့ အမိန့်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ရန်ကုန်တိုင်းဒေသကြီး တစ်တိုင်းလုံးအနေနဲ့လည်း ကိုကိုးကျွန်းမြို့နယ်မပါ ကျန်တဲ့မြို့နယ်အားလုံးမှာ မနက် ၁ နာရီကနေ ၃ နာရီအထိ ညမထွက်ရအမိန့်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်ကစပြီး သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

#PAN