နီပေါနိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော်ကြီးအား မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ကို သံအမတ်ကြီး ဦးမျိုးမြင့်မောင် လုမ္ဗိနီမြို့ရှိ မြန်မာရွှေကျောင်းတော်ကြီး၌ သွားရောက်ဆက်ကပ်အပ်နှင်း

(ပြည်တွင်း)ဩဂုတ် ၃၁

နီပေါနိုင်ငံ လုမ္ဗိနီမြို့ မြန်မာရွှေကျောင်းတော်ကြီး၌ သာသနာပြုတာဝန်ထမ်းဆောင်နေသော ဆရာတော် ဘဒ္ဒန္တပဏ္ဍိတအရှင်သူမြတ်အား ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပူဇော်ပွဲတွင် ရရှိခဲ့သည့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား နိုင်ငံတော်အစိုးရကိုယ်စား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ယနေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီး၊ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာရွှေကျောင်းတော်ကြီးမှ သာသနာရေးအရာရှိများ၊ ဒေသခန့် ဝန်ထမ်းများနှင့် ဒေသခံဒါယကာ၊ ဒါယကာမတို့က တက်ရောက်ကြည်ညိုခဲ့ကြကြောင်းနှင့် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

#PAN