“နိုင်ငံကူးလက်မှတ်စာအုပ်ခ ပြောင်းလဲကောက်ခံမည်”

(ပြည်တွင်း) သြဂုတ် ၃၁
သာမန်မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားလာမှုနဲ့ပတ်သက်ပြီး လာမယ့် စက်တင်ဘာလ ၁ ရက်ကစပြီး စာအုပ်ဖိုးငွေ ပြောင်းလဲသတ်မှတ်သွားမှာဖြစ်တယ်လို့ ဩဂုတ်လ ၂၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိ ပေးပန်ကြားချက် ထုတ်ပြန်ထားခဲ့ပါတယ်။ ယခင်က စာအုပ်ဖိုးငွေ ကျပ်သုံးသောင်းခွဲ သတ်မှတ်ထားရာကနေ ယခုအခါ ကျပ်လေးသောင်း သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ်။
အွန်လိုင်းဘွတ်ကင် စနစ်သစ်နဲ့ မြန်မာနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)လျှောက်ထားမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က စတင်ဆောင်ရွက်ခဲ့ပါတယ်။  လက်ရှိမှာတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာမယ့်သူများ ရှိနေတဲ့ အတွက် လိုအပ်သည်များစစ်ဆေးပြီး အထောက်အထားခိုင်လုံမှုမရှိပါက ပြန်လည်စေလွှတ်လျက်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သိရပါသည်။

#PAN