တပ်ကုန်းမြို့ နဝင်းချောင်းအတွင်း အရက်မူးပြီစ ရေဆင်းချိုးရာမှရေနစ်သေဆုံး


(ပြည်တွင်း)ဩဂုတ် ၃၁

တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက် နယ်မြေ( ၂ )တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် သြဂုတ်လ ၁၉ရက် မွန်းလွဲ၂နာရီအချိန်ခန့်က ရွှေပရိယတ္ထိစာသင်တိုက် အနောက်မြောက် နဝင်းချောင်းအတွင်း အရက်မူးပြီး ရေဆင်းချိုးရာမှရေနစ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ ရေနစ်ပျောက်ဆုံးနေသူ မျိုးမင်းထွန်း( ဘ )ဦးခင်အောင်( ၄၃ )နှစ်အား တာဝန်ရှိ  ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ရှာဖွေရေးဆောင်ရွက်ကြရာ ချောင်းရေများနေသဖြင့် တွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ယ​နေ့မွန်းတည့်ချိန်တွင်  စိုက်ပျိုးရေခြံ အရှေ့ဘက်ဆုံး အောင်ဇေယျ ရပ်ကွက် ကွင်း နဝင်းချောင်းအတွင်း သစ်ပင်ခြုံပေါ်တွင် အဆိုပါ ရေနစ်သေဆုံးသူအလောင်း ကိုတွေ့ရှိကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရေနစ်သေဆုံးသူ၏ မိသားစုဝင်များအား အကြောင်းကြား ဆက်သွယ်၍ တာဝန်ရှိသူများနှင့်အတူ အလောင်းတွေ့ရှိသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အလောင်းအား တပ်ကုန်းမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

#PAN