ဂျပန်တပ်မတော်က ဉာဏ်ရည်တုနည်းပညာနှင့် အလိုအလျောက်စနစ်တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ဆောင်မည်

(နိုင်ငံတကာ)သြဂုတ် ၃၁
ဂျပန်တပ်မတော်အနေဖြင့် ဉာဏ်ရည်တုနည်းပညာ(AI)နှင့် အလိုအလျောက်စနစ်တို့တွင် ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၃၀ ရက် ထုတ်ပြန် ထားသည်။
ဂျပန်နိုင်ငံက ဒေသတွင်းခြိမ်းခြောက်မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်စေရေးအတွက် တပ်မတော်ကို အဆင့် မြှင့်တင်မှုများ လုပ်နေသော်လည်း စစ်သည်အင်အားအလွန်ရှားပါးမှုနှင့် ရင်ဆိုင်နေရသည့်အတွက် စစ်သည်များ၏ အခြေအနေအရပ်ရပ်ကိုလည်း တိုးမြှင့်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၃၀ ရက်တွင် တင်ပြသော ကာကွယ်ရေးအသုံးစရိတ်တောင်းခံလွှာ တွင် ယခုကဲ့သို့ရေးသားဖော်ပြထားခြင်းဖြစ်သည်။
ဂျပန်တပ်မတော်သည် မတ်လ ၃၁ ရက်အထိ ဘဏ္ဍာရေးနှစ်အတွင်း ကြည်း၊ ရေ၊ လေတပ်ဖွဲ့များသို့ ဝင်ရောက်အမှုထမ်းသူ စစ်သည်အင်အား ၁၀,၀၀၀ အောက်သာ ရှိသည်။ ထိုပမာဏသည် မျှော်မှန်းထားသည်ထက် ထက်ဝက်မျှသာရှိသည်။
ဂျပန်တပ်မတော်က စစ်သည်အင်အား နှစ်သိန်းခွဲအထိရရှိစေရေး ရည်မှန်းလုပ်ဆောင်နေခြင်း ဖြစ်သော်လည်း နိုင်ငံ၏လူဦးရေမွေးဖွားမှုနှုန်းကျဆင်းခြင်းက အဓိကအဟန့်အတားဖြစ်နေသည်။
ထို့ကြောင့် စစ်သည်အင်အားနည်းပါးမှုကို ကိုင်တွယ်ဖြေရှင်းရေးအတွက် AI နည်းပညာကို အသုံးပြု သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ယန်း ၈၀ ဘီလီယံအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN