ကျွန်းဆင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားမက်ဖြစ်သူနှင့် အစ်ကိုဝမ်းကွဲဖြစ်သူတို့အား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်

(မှုခင်း)ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီးမြို့နယ်၊ကျွန်းဆင်ကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားမက်ဖြစ်သူနှင့် အစ်ကိုဝမ်းကွဲဖြစ်သူတို့အား အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ည၁၀နါရီခွဲအချိန်ခန့်က ကျွန်းဆင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားမက်ဖြစ်သူ ကျော်ဇင်ဟိန်း၊၃၅နှစ်၊(ဘ)ဦးမျိုးသွင်နှင့် ၎င်း၏ အစ်ကိုဝမ်းကွဲဖြစ်သူ ကိုညီလွင်၊၄၀နှစ်၊(ဘ)ဦးကျော်ဝင်းတို့သည် နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက်သမားများမှ သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့်ကျော်ဇင်ဟိန်းတွင် ဝဲ-ပေါင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ကိုညီလွင်တွင် ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာ ၂ချက်(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊အဆိုပါ အကြမ်းဖက်သမားများသည် စက်လှေဖြင့် မတ္တရာမြို့နယ်၊နန်းတော်ကျွန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း၊ကျည်ထိမှန်ဒဏ်ရာ ရရှိသူ ၂ဦးအား (မဆရ-၁)နန်းတွင်းသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

#PAN

#ZN