“၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများ တရုတ်နိုင်ငံသို လေ့လာရေးခရီး ၅ ရက်သွားရောက် “


(ပြည်တွင်း) ဩဂုတ် ၃၀
ကိုဗစ်ကာလကြောင့် ရပ်နားထားရတဲ့ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်တဲ့ ကျောင်းသား၊ ကျောင်းသူ များကို ပြည်ပနိုင်ငံ လေ့လာရေးခရီးစဉ်များ ပြန်လည်စေလွှတ်နိုင်ခဲ့တယ်လို သိရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲမှာ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီး များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သား၊ သမီးများနှင့် စစ်သည်အစားခန့်အရပ်သား အမှုထမ်းများ၏ သား၊ သမီးများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁ – ၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ကြောင်း၊ ဆုရရှိသူများအနက်မှ ထူးချွန် စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များကို ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ် ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှာ ရပ်နားထားခဲ့ရပြီး ယခုပညာသင်နှစ်မှသာ ပြန်လည်စေလွှတ်နိုင်ခဲ့ ကြောင်း သိရပါတယ်။
သြဂုတ်လ ၂၆ ရက် ကနေ ၃၁ ရက် အထိ ၅ ရက်တာကြာမြင့်မည့် အဆိုပါ လေ့လာရေးခရီးစဉ်မှာ ပါဝင်တဲ့ ကျောင်းသား၊ ကျောင်းသူများမှာ နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန်လူငယ် ၅ ဦး၊ အမှတ်အများဆုံးရရှိသော ၁၆ ဦး၊ ဂုဏ်ထူးသုံးဘာသာ စစ်သည် ၁ ဦး၊ ဂုဏ်ထူးနှစ်ဘာသာစစ်သည် ၂ ဦးတိုဖြစ်တယ်လို သိရပါတယ်။
ထူးချွန်ကျောင်းသူ၊ကျောင်းသားများဟာ ဩဂုတ်လ ၂၇ ရက်နံနက်ပိုင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ကျောင်းသားများဟာ ဩဂုတ်လ ၂၇ နှင့် ၂၈ ရက်တိုတွင် တရုတ်ပြည်သူ့သမ္မနိုင်ငံ ပေကျင်းမြိုရှိ အထင်ကရနေရာများဖြစ်တဲ့ Tian Tan ပန်းခြံ၊ Ling Guang ဘုရားကျောင်း၊ Great Wall ၊ နွေရာသီ နန်းတော်သို သွားရောက်လေ့လာခဲ့ကြပါတယ်။

#PAN