“အိုစီမန် ကို လစာတိုးမြှင့်ကာ ကမ်းလှမ်းခဲ့တဲ့ အယ်လ်ဟီလာအသင်း”

(ပြည်တွင်း) သြဂုတ် ၃၀

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက နာပိုလီအသင်းမှ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုစီမန်ကို  လစာနှုန်း ထား တိုးမြှင့်ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

အိုစီမန် က ယခုနွေရာသီမှာ နာပိုလီအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေသူဖြစ်ပြီး ၎င်းအနေနဲ့ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် ပိုမိုဆန္ဒရှိခဲ့ပေမယ့် ယခုအခါ ဆော်ဒီသို့ ရောက်ရှိရန် အလွန်နီးစပ်တဲ့ အခြေအနေသို့ ရောက်ရှိ နေတာ ဖြစ်ပါတယ်။

အယ်လ်ဟီလာအသင်းက အိုစီမန် ကို ၄ နှစ်စာချုပ်အတွက် ယူရိုသန်း ၁၆၀ ပေးအပ်မယ်လို့ ကမ်းလှမ်းခဲ့တဲ့ အတွက် ကစားသမားအနေနဲ့ ငြင်းဆန်နိုင်ဖွယ်မရှိတော့ကြောင်း ဥရောပမီဒီယာများစွာက ဖော်ပြနေကြပါတယ်။

အယ်လ်ဟီလာအသင်းက နာပိုလီအသင်းကို ပြောင်းရွှေ့ကြေးယူရိုသန်း ၇၀ ဝန်းကျင်နဲ့သာ ကမ်းလှမ်းခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

#PAN