“အသားအရောင်ခွဲခြားပါက ရီးရဲလ်တစ်သင်းလုံး ကွင်းအတွင်းမှ ထွက်မယ်လို့ပြော”

(အားကစား) သြဂုတ် ၃၀

လာမယ့်ပွဲစဉ်တွေမှာ  ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ အသားအရောင်ခွဲခြားမှုတွေ ပြုလုပ်ခံရမယ်ဆိုရင် ရီးရဲလ်အသင်းဖော်တွေအားလုံး ကွင်းအတွင်းက ထွက်မှာဖြစ်တယ်လို့ တိုက်စစ်မှူး ဗီနီစီးယက်စ်က ပြောကြား လိုက်ပါတယ်။

ဘရာဇီးတိုက်စစ်မှူး ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ပြိုင်ဘက်အသင်းကစားသမားနဲ့ ပရိသတ်တွေရဲ့ ပစ်မှတ်ထားလှောင်ပြောင်တာကို ခံခဲ့ရတာဖြစ်ပြီး ဘောလုံးကစားဖို့ကိုတောင် စိတ်ကုန်တဲ့အထိ ဖြစ်ရတယ်လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

အခုရာသီမှာ မိမိအပါအဝင် ရီးရဲလ်ကစားသမား မည့်သည့်တစ်ယောက်ကိုမဆို အသားအရောင်ခွဲခြား လှောင်ပြောင်ခံရရင် ပွဲကိုဆက်ကစားတော့မှာမဟုတ်ဘဲ ရီးရဲလ်အသင်းကစားသမားတွေ အားလုံးကွင်းထဲကနေ ထွက်မယ်လို့ ဗီနီစီးယက်စ် က ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး လုပ်ဆောင်မှုကသာ လှောင်ပြောင်မှု တွေကို မြန်မြန်ဆန်ဆန် အဆုံးသတ်စေမှာဖြစ်တယ်လို့ ဗီနီစီးယက်စ် က ပြောကြားသွားခဲ့ပြီး ဘောလုံးကွင်းအတွင်း အသားအရောင် ခွဲခြားလှောင်ပြောင်မှုတွေကို တိုက်ဖျက်ဖို့အတွက် ကစားသမားတွေဘက်ကလည်း တတ်နိုင် သလောက် လုပ်ဆောင်သွားရမယ်လို့ တိုက်တွန်းသွားခဲ့ပါတယ်။

#PAN