“လျှပ်စစ်နှုန်းထားခများကို ပြင်ဆင်သတ်မှတ်”


(ပြည်တွင်း) ဩဂုတ် ၃၀
လာမည့် စက်တင်ဘာလ ၁ ရက်မှစတင်ကာ လျှပ်စစ်နှုန်းထားခများကို ပြင်ဆင်သတ်မှတ်သွားမယ်လို ဩဂုတ်လ ၃၀ ရက် ရက်စွဲနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။
နိုင်ငံတော်ရဲ့ လူမှုဘဝတိုးတက်စေရေးနှင့် စီးပွားရေးဖွံဖြိုးတိုးတက်စေရေးတိုအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ပြုပြင်ထိန်းသိမ်းခြင်းများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနဲ့ ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများသို တည်ငြိမ်သောလျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရာမှာ ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာတာကြောင့် ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ (၄၁) နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲသိုတင်ပြခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့ တဲ့ ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ရဲ့ သဘောတူညီချက်အရ လျှပ်စစ်နှုန်းထားများကို ပြင်ဆင်သတ်မှတ်သွားမှာ ဖြစ်ပါတယ်။
ပြင်ဆင်ကောက်ခံမယ့် လျှပ်စစ်နှုန်းထားများမှာ အိမ်သုံးအမျိုးအစား(နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံး တစ်ခဲတည်း(အိမ်သုံး)၊ စီးပွားရေးလုပ်ငန်းမပါသော ဘာသာ/သာသနာအဆောက်အအုံ) ၁ မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ် ဖြစ်သည်။
ထိုပြင် အိမ်သုံးမဟုတ်သည့်အမျိုးအစား(စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊အစိုးရဌာနအဖွဲအစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲအစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာ အဖွဲအစည်းများ)က ၁ မှ ၅,၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅,၀၀၁ မှ ၂၀,၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀,၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ် သတ်မှတ်ကောက်ခံသွားမယ်လို သိရပါတယ်။
ယခုပြင်ဆင်သတ်မှတ်လိုက်သော ဓာတ်အားခနှုန်းထားများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ စ၍ အကျိုးသက်ရောက်စေမှာ ဖြစ်တယ်လို သိရပါတယ်။

#PAN